ဝက်ခြံရောဂါအတွက်မှာကြားချက် အနှစ်ချုပ်

ဝက်ခြံရောဂါအတွက်မှာကြားချက် အနှစ်ချုပ် ဝက်ခြံနှင့် ပတ်သက်သည့် ဗဟုသုတများကို အခြေခံ၍ လွယ်ကူရှင်းလင်းစွာ နားလည်စေရန်နှင့် လိုရင်းတိုရှင်း မှတ်မိစေရန် အတွက် ဆောင်ရန်ရှောင်ရန် များကို အောက်ပါအတိုင်း စုစည်း တင်ပြအပ်ပါသည်။ ၁။ နံနက်အိပ်ရာထ မျက်နှာသစ်လျှင် ဝက်ခြံကိုညှစ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း မပြုလုပ်ရပါ။ လက်သည်းရှည်ဖြင့် ကိုင်တွယ်မိပါက ပိုဆိုးတတ်ပါ၍ လက်သည်းကို တိုတိုညှပ်ထားလျှင် ပိုကောင်းပါသည်။ ၂။ မျက်နှာကို အဆီပြန်ခြင်း သက်သာစေရန်နှင့် ရောဂါပိုးများ ကင်းစင်စေရန် ဆပ်ပြာဖြင့် တစ်နေ့လျှင်သုံးကြိမ် မျက်နှာသစ် သန့်စင်ပေးပါ။ ၃။နံနက််ခင်း နေရောင်ခြည်တွင် တစ်နေ့မိနစ်၃ဝခန့် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းတိို့ကို လုပ်ပေးပါ။ နေ့လယ်ဘက်နေရောင်ခြည်ထဲ သွားလျှင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုမှ လျော့နည်းစေရန် ထီး၊ဦးထုပ် စသည်တို့ ကို ဆောင်ထားသင့်သည်။ ၄။ ရေများများသောက်ခြင်း၊ သဘာဝသစ်သီးဖျော်ရည်(ဥပမာ - သံပရာရည်၊ လိမ္မော်ရည်၊ နာနတ်ရည်) များတတ်နိုင်သ၍သောက်ပေးပါ။ ၅။ ထမင်းစားတိုင်း ဟင်းရွက်အစိမ်းတစ်မျိုးမျိုး စားဖြစ်အောင်ထည့်စားပါ။ မစားဖြစ်ပါက ကလိုရိုဖီးလ် ပါဝင်သော သဘာဝဆေးတစ်ခုခု ဥပမာ- ...